1
#KNU ၃။ . . . အားလုံးပါဝင်ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် "တက်ရောက်နိုင်မည် မဟုတ်ပါ"။ နှစ်ပေါင်း (၇၅) နှစ်ကျော်၊ ပြောင်မြောက်သည့် သမိုင်းဖြတ်သန်းမှု၊ ကြီးမားသည့် ဂုဏ်သိက္ခာနှင့် အစဉ်အလာရှိသည့် သက်တမ်းရှည် အဖွဲ့ကြီး KNU။ အလေးပြု ဦးညွတ်ပါ၏။ #သံပူခိုက်_နာနာရိုက်ကြစို့
2
#CNF ၃။ . . . ချင်းအမျိုးသားတပ်ဦးအနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း . . . အလေးပြု ဦးညွတ်ပါ၏၊ ချင်းလူထုနှင့် CNF အဖွဲ့ကြီးခင်ဗျား။ #သံပူခိုက်_နာနာရိုက်ကြစို့ #WhatsHappeningInMyanmar
3
#ABSDF ၈ လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ သားကောင်း၊ ကျနော်တို့ ငယ်ဘဝရဲ့ သူရဲကောင်း မကဒတ။ ပြည်သူ့နှင့်အတူ အမြင့်သို့ ပျံလေပြီဖြစ်သော ခွတ်ဒေါင်းနီ ABSDF။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားသည့် ABSDF။ အလေးပြု ဦးညွတ်ပါ၏။ #သံပူခိုက်_နာနာရိုက်ကြစို့ #WhatsHappeningInMyanmar
4
#KIO_KIA ၄။ ယခုဖိတ်ခေါ်ချက်တွင်- (က) ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်းမရှိ (ခ) နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိ . . . အလေးပြု ဦးညွတ်ပါ၏၊ ကချင်လူထုနှင့် KIO/KIA အဖွဲ့ကြီးခင်ဗျား။ #သံပူခိုက်_နာနာရိုက်ကြစို့ #WhatsHappeningInMyanmar
5
#KNPP သမိုင်းအစဉ်အလာ ကြီးမားလှတဲ့၊ ရပ်တည်ချက်အရာမှာ ခိုင်မာလှတဲ့ KNPP။ အာဏာရှင်စနစ် တိုက်ဖျက်‌ရေး သမိုင်းတ‌လျှောက် "မူ" နဲ့ပတ်သတ်ရင် မိမိရပ်တည်ချက်အပေါ်မှာ စွဲမြဲခိုင်မာမှု၊ မာကျောမှုနဲ့ ပြတ်သားမှုအရာမှာ စံပြ၊ အတုယူထိုက်တဲ့ KNPP။ လေးစားဦးညွတ်ပါ၏။ #သံပူခိုက်_နာနာရိုက်ကြစို့