Tayzar San(@TayzarSan)さんの人気ツイート(いいね順)

1
ဒီရက်တွေမှာ ကျနော် ဒေသအနှံ့အပြားကို ခရီးတွေ အတော်လေး ထွက်ဖြစ်တယ်ဗျာ။ ဒီခရီးအတွေ့အကြုံ‌ကနေ ကျနော့် လေ့လာသိရှိရတာကို အတိုချုပ်ပြောရရင်တော့ ဒီပွဲဟာ ကျနော်တို့ပြည်သူတွေ မုချနိုင်မယ့်ပွဲဆိုတာကို ပိုပြီး ခိုင်ခိုင်မာမာ ယုံကြည်လာတာပဲ။ အဓိကက သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေး။
2
ရောက်နေတဲ့ နေရာထက် ကျင့်နေတဲ့ တရားကသာ အရေးကြီးတယ်။ တာတိုမှာ . . . အင်အား တာလတ်မှာ . . . အဆုံးအဖြတ် တာဝေးမှာ . . . စိတ်ဓာတ် နတ်စီတဲ့ အိပ်မက်လှလှများ လွယ်လွယ်နဲ့ မရ။ ပြည်သူ့အရေးတော်ပုံ မုချ အောင်ရမယ်။
5
ကျနော် အစစ အဆင်ပြေ၊ လုံခြုံ၊ ဘေးကင်းပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသထဲ ရောက်ရှိ၊ ခရီးထွက်နေလို့ ဒီရက်တွေ အွန်လိုင်းပေါ်က ပျောက်နေတာပါ။ သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေး။ အရေးတော်ပုံ အောင်ရမည် ပုံစာ-ဒီရက်တွေမှာ ထွက်ဖြစ်တဲ့ ခရီးတခုတုန်းက
6
“ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး --- တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” #လူ့အခွင့်အ‌ရေး_တောင်းယူလို့မရ_တိုက်ယူကြ #သွေးအေးသွားရင်_ခွင့်မလွတ်ကြေး #SilentStrike #BlackCampaign #WorldHumanRightDay #10D_Movement
9
. . . ဒီတော်လှန်ရေးကြီးဟာ ခင်ဗျားတို့ ကျနော်တို့ ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်။ ငါတို့လုပ်မှ ပြီးမယ့်တော်လှန်ရေးတို့ တွေးပြီး သွေးမအေးဘဲ ကျရာကဏ္ဍကနေ ပါဝင်ပေးကြပါ၊ ဒီတော်လှန်ရေး ကျရှုံးရင် သားစဉ်မြေးဆက် အားလုံး အတူ ခံ ကြရမှာဖြစ်ပြီး အောင်မြင်ရင်လည်း အားလုံး စံ ကြရမှာပဲ . . .
10
"မကြောက်တရား" သည် အာဏာရှင်စနစ် တိုက်ဖျက်‌ရေး လူထုတိုက်ပွဲမှာ အစဉ်စွဲကိုင်ရမယ့် လက်နက်ကြီးဖြစ်တယ်။ အဓမ္မ ဖမ်းဆီးခံထားရတဲ့ ယနေ့ အသက် (၇၇) နှစ်ပြည့် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများကို လေးစား၊ ဂုဏ်ပြုလျက်။ #FreedomFromFear
11
"ဆိုင်ကယ်တစီး၏ ဒိုင်ယာရီ" ဒီခရီးအတွေ့အကြုံတွေကလေ့လာသိရှိရတာကို အနှစ်ချုပ်ရရင် ဒီပွဲဟာ ကျနော်တို့တွေ မုချနိုင်မယ့်ပွဲဆိုတာ ခိုင်မာစွာ ယုံကြည်လာတာပဲ။ ဒင်းတို့တွေ ကျနော်တို့ ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖို့ဆိုတာ ရုပ်ပိုင်းအရကော၊ စိတ်ပိုင်းအရပါ လုံးဝ မဖြစ်နိုင်တော့ဘူး။
12
#အားကုန်ရုန်းကြ “ထန်တလန်” ကို ထိလည်း တစ်ပြည်လုံးနဲ့ ငြိတာပါပဲ။ ဒင်းတို့ရဲ့ ဖိနှိပ်၊ ရက်စက်၊ ရိုင်းစိုင်း၊ ယုတ်မာမှုတွေ၊ နာစရာတွေကို တော်လှန်ရေးအတွက် လောင်စာ၊ ခွန်အားအဖြစ် ပြောင်းလဲမှတ်ယူကာ ရည်ရွယ်ရာ ခရီးပန်းတိုင်ကို အမြန်ဆုံး ရောက်‌ရှိဖို့ အားကုန်ရုန်း တိုက်ပွဲဝင်ကြဖို့ပါပဲ။
13
၇. ၇. ၆၂ မမေ့ကြနဲ့ #7JulyMovement #RejectMilitaryCoupInMyanmar
14
#အရေးတော်ပုံအောင်ဖို့ ကျနော်တို့ သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေးဗျာ။ အဆုံးထိ အတူ ချီတက်ကြမယ်။ ဓမ္မသည် အဓမ္မကို မုချ နိုင်ရမယ်။ #WhatsHappeningInMyanmar
16
အင်တာနက်လိုင်းက နှပ်မမှန်ဘူးဗျို့။ ကျနော် နေကောင်း၊ ကျန်းမာလျက် ပြည်သူ့တော်လှန်ရေးအတွက် အုတ်တချပ် သဲတပွင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ပါ။ ပုံစာ။ အရေးပေါ် ရွေ့ပြောင်း စားဖိုဆောင်၏ ဒုတိယလက်ထောက်စားဖိုမှူးကြီးကို လျှပ်တပြက် တွေ့ရစဉ် 😊😊😊 #WhatsHappeningInMyanmar
17
ရောက်ခဲ့တဲ့ PDF, ပကဖ စခန်းတခု စာအုပ်စင်ပေါ် ချိတ်ထားတဲ့ အဆောင်အမည်ကို တချက်ရှိုးလိုက် 😍 စံပြ ကိုလူချောကြီးများအဆောင် ရဲရင့်မှု၊ တက်ကြွမှု၊ ရိုးသားမှု၊ နုပျိုမှု၊ လန်းဆန်းမှု၊ ယုံကြည်မှုများနဲ့ ထုံသင်းပြည့်ဝနေတဲ့ PDF ပကဖ သူရဲကောင်းတွေကို မြင်ရတာ တကယ် အားတက်စရာ ကောင်းလှတယ်ဗျာ။
18
#မုန်တိုင်းကို_ကျော်ဖြတ်ကြ “တာတိုမှာ အင်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓါတ်” #WhatsHappeningInMyanmar #AcceptNUG_RejectMilitary
19
❝အသံမတိတ်ဖို့ လိုတယ် အလံမလိပ်ဖို့ လိုတယ်❞ #AcceptNUG_RejectMilitary #WhatsHappeningInMyanmar
20
#တော်လှန်ခရီးသည် "သွားပါများ ဖိနပ်ပါး" လို့တော့ ကြားဖူးတာပဲ။ တော်လှန်ခရီးမှာတော့ ဖိနပ် ပါးရုံမက၊ ဆိုင်ကယ်ကျွတ်လည်း မကြာမကြာ ကွဲဖူးချေပြီတမုံ့။ #WhatsHappeningInMyanmar
21
နင်လားဟဲ့ ဖြတ် ၄ ဖြတ် မဲပြားပုဆိုးကွက်ဖြစ်တဲ့ ဖြတ် ၄ ဖြတ်မကလို့ ဖြတ်လေးရာပဲ ဖြစ်ပါစေ၊ ဒီတော်လှန်ရေးကြီးကို လုံးဝ ဟန့်တားနိုင်မှာ မဟုတ်ချေ။ ပြည်သူ့အားကို ဘယ်နွားမှ တားလို့မရဘူးဟေ့ ပုံ။ ဖြတ် ၄ ဖြတ်ဗျူဟာအရ စစ်အုပ်စုက အင်တာနက် ဖြတ်တောက်ထားတဲ့ နယ်မြေရောက်စဉ် ရေဒီယိုနဲ့ နှစ်ပါးသွား
22
ငြိမ်နေရင် ပင့်ကူအိမ်တောင် ငြိလိမ့်မယ်။ ရုန်းထွက်ရင် သံကြိုး‌တွေတောင် ပြတ်နိုင်တယ်။ အဖိနှိပ်ခံ လူထုအားလုံး နိုးကြွကြလော့။ ဘုံရန်သူကို ရရာပုံစံနဲ့ တော်လှန်ကြလော့။ မုန်တိုင်းကို ကျော်ဖြတ်ကြ။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ အရေးတော်ပုံ အောင်ရမည်။
23
"တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" #BlueShirtCampaign #ဟံသာဝတီဦးဝင်းတင် #FreeAllPoliticalPrisoners #whathappeninginmyanmar
24
❝ပြာပုံကနေ ပြည်သစ်တည် အတူရုန်းကန် ဖေးမမည်❞ #မီးလောက်တိုက်သွင်းလို့_ပြာကျသွားမယ့်အထဲတော်လှန်စိတ်မပါဘူး သွေးမအေးကြေး၊ သွေးမကြောင်ကြေး၊ သွေးမကွဲကြေး။ #WhatsHappeningInMyanmar #AcceptNUG_RejectMilitary
25
သို့ . . . တရုတ်အစိုးရ မြန်မာပြည်သူများဆန္ဒကို အလေးထားပါ။ ဖက်ဆစ်ရာဇဝတ်ကောင်များအားထောက်ခံပံ့ပိုးနေခြင်းကို ရပ်တန်းက ရပ်ပါ။ China: Respect Myanmar People's Voice Stop Supporting Fascist Criminals 致 ... 中国政府 : 尊重缅甸人民之声,停止支持帮助 政变军队 法西斯罪犯